• (1) လျှောက်ထားသူသည် အသက် (၁၈) နှစ် ပြည့်ပြီးဖြစ်ရမည်။
  • (2) အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ရမည်။
  • (3) ကုမ္ပဏီသည် အကြောင်းပြချက် တစ်စုံတစ်ရာ ဖော်ပြခြင်းမပြုဘဲ၊ မည်သည့်လျှောက်ထားခြင်းကိုမဆို၊ ငြင်းပယ်ခြင်း (သို) ကန့်ကွက်ပယ်ချနိုင်ခြင်း စသည့် တစ်ချက်လွှတ်အာဏာရှိသည်။
  • (4) Dealer ကိုယ်စားလှယ် အသစ်တစ်ဦးသည် ဆက်သွယ်ပြီးသည့်နေ့မှ (၁၀) ရက်အတွင်း သူ (သို) သူမ၏ ဖြန့်ချိခွင့်ကို ရုပ်သိမ်းပေးရန် လျှောက်ထားသည့်အခြေအနေမျိုးတွင် ကုမ္ပဏီမှ ရောင်းချထားသော ထုတ်ကုန်များသည် ပြန်လည်ရောင်းချနိုင်သော အခြေအနေရှိပါက ထုတ်ကုန်အတွက် ပေးချေပြီးဖြစ်သော တန်ဖိုးအပြည့်ကို ငွေပြန်အမ်းပေးမည်။
  • (5) Alive Way Company မှ ထုတ်ကုန်များကို သတ်မှတ်ထားသော ဈေးနှုန်းထက် လျှော့မရောင်းရပါ။
    ဈေးနှုန်းဇယားအတိုင်းသာ အတိအကျ ရောင်းချရပါမည်။
  • (6) ထုတ်ကုန်ပစ္စည်းဝယ်ယူရာတွင် ကုမ္ပဏီ၏ အရောင်းကောင်းတာ၌ မိမိကိုယ်ပိုင် Dealer ကုဒ်နံပါတ်ဖြင့်သာ ဝယ်ယူရပါမည်။
  • (7) လက်လီ၊ လက်ကားဆိုင်များသို ထုတ်ကုန်ပစ္စည်းများ ချထားရာတွင် ကုမ္ပဏီ၏ ထုတ်ကုန်ဈေးနှုန်းဇယားနှင့် စည်းမျဉ်း၊
  • စည်းကမ်းအတိုင်း တသွေမတိမ်းရောင်းချရန်၊ ထုတ်ကုန်ပစ္စည်းချပေးထားသော ကိုယ်စားလှယ်မှ တာဝန်ယူရပါမည်။ ချပေးထားသော ဆိုင်အမည်နှင့် ပစ္စည်းစာရင်း အတိအကျကို ကုမ္ပဏီသို လူကိုယ်တိုင် (သို) Viber (သို) Email ဖြင့်အကြောင်းကြားရပါမည်။
  • (8) Alive Way Company နှင့် ဖြန့်ဖြူးနေသော ထုတ်ကုန်ပစ္စည်းများ၊ ကိုယ်စားလှယ်များ အပေါ်တွင် သုံးစွဲသူများမှ အထင်အမြင် လွဲမှားစေနိုင်သော စကားလုံးများ၊ ဓာတ်ပုံများကို မည်သည့် အကြောင်းကိစ္စနှင့်ဖြစ်စေ Social Media များပေါ်တွင် ဖော်ပြခွင့် လုံး၀ (လုံးဝ) မရှိပါ။ ကုမ္ပဏီကိုသော်လည်းကောင်း၊ ခေါင်းဆောင်ကိုသော်လည်းကောင်း တင်ပြပြီး လိုအပ်သော ကူညီဖြေရှင်းမှုများ ပြုလုပ်ပေးသွားပါမည်။
  • (9) ကုမ္ပဏီ၏ ဆုကြေးပေးစနစ် အသေးစိတ်များကို Social Media ပေါ်တွင် လုံးဝ(လုံးဝ) ဖော်ပြခွင့်မရှိပါ။ ထုတ်ကုန်အကြောင်း သာဖော်ပြခွင့်ရှိပါသည်။
  • (10) တရားဝင်အခွင့်ရ ဖြန့်ချိသူတစ်ဦးသည် အထက်တွင်ဖော်ပြခဲ့သော လုပ်ထုံးလုပ်နည်းများ တစ်ခုခုကို ဖောက်ဖျက်ခဲ့လျှင်၊ ကုမ္ပဏီသည် ၎င်း၏ ‘စီးပွားရေးလုပ်ငန်းနည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ’ နှင့်အညီ ပြုမူဆက်ဆံမည်။
  • (11) Dealer ကိုယ်စားလှယ် ဖြန့်ချိသူများသည် KBZ Bank တွင် ဘဏ်စာရင်းဖွင့်ရန် မေတ္တာရပ်ခံအပ်ပါသည်။
  • (12) ကုမ္ပဏီမှ ထုတ်ကုန်ပစ္စည်းများ တရားဝင်အခွင့်ရ Dealer ဖြန့်ချီသူလျှောက်လွှာပုံစံအား ကုမ္ပဏီသို တင်ပြလိုက်သည်နှင့် လျှောက်ထားသူသည် လျှောက်လွှာပုံစံတွင်ပါဝင်သည်များကို သဘောတူညီသည်ဟု ဤနေရာတွင် ဆင်ခြင်စဉ်းစားရမည်၊ လျှောက်ထားသူနှင့် ပတ်သက်ပြီး မှားယွင်းမှု (သို) မပြည့်စုံသော သတင်းအချက်အလက် တစ်စုံတစ်ရာ တွေ့ရှိပါက ကုမ္ပဏီသည် လျှောက်ထားမှုအား ကန့်ကွက် ပယ်ချရန် တစ်ချက်လွှတ်အာဏာရှိသည်။